Saturday, May 19, 2012
အရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ ဖြစ်ထွေ
(အရှင်ဥက္ကဋ္ဌနှင့် လူသေလူဖြစ်)
အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏ ။ မည်သည့် အမှုကိစ္စ ၊ မည်သည့် အရာဝတ္ထုမျိုးမဆို အကြောင်းမရှိဘဲ ဖြစ်ပေါ်မလာနိုင် ။
ဤသည်မှာ နိယာမ တရားဖြစ်ပေ၏ ။ ထိုနိယာမ တရားတိုင်းပင် ကျွန်တော် တို့သည် တောင်တွင်းဆရာတော် သျှင်ဥက္ကဋ္ဌ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏ ။ ဆရာတော်သည် “ လူသေလူဖြစ် ” စာအုပ်ကိုရေးခဲ့၏ ။ ဤသို့လူသေ လူဖြစ် စာအုပ်ကိုရေးခြင်းသည်အကြောင်းတရားပင် ဖြစ်လေ၏ ။ဤအကြောင်းတရားကြောင့်ပင် ဆရာတော်မှာ အကျဉ်းထောင်တွင်လည်း ကျောင်းအမှတ်ဖြင့် သီတင်း သုံးခဲ့ရလေပြီ ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ ။ ပြီးတော့ ဟိုမှသည်မှ ဂ ယက်လှိုင်းထ , သလို ပကာသနိယကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ ။
ကန်တော့ဆွမ်းနှင့် ခဲမိုး
ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည်ဆိုလျှင် အင်တိုက်အားတိုက် ကြိုတင်၍ ကန်တော့ဆွမ်းလောင်းကြသည်။ ဆရာတော်၏ တရားပွဲများကိုလည်း အချို့ဒေသမှ အရှင်သူမြတ်တို့က ကြီးစွာသော မေတ္တာအာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်းဖြိုင်းသွန်းကြသည်။ ဤသည် တို့မှာ လူသေလူဖြစ်၏ အကျိုးတရားများပေတည်း။
ရေးရသည့် အကြောင်းရင်း
အမှန်တော့ ဆရာတော် သျှင်ဥက္ကဋ္ဌအနေနှင့် အဘယ့်ကြောင့် “ လူသေလူဖြစ် ” စာအုပ်ကို ရေးရသည် ဆိုသည့်အကြောင်းရင်း တခုရှိရပေဦးမည်။ ဤသို့ အကြောင်းရင်း တခုရှိ၍သာလျှင် ဆရာတော်သည် လူသေလူဖြစ် စာအုပ်ကို ရေးခဲ့ခြင်းဖြစ်ရမည် မဟုတ် ပါလော။ ထိုအကြောင်းရင်း တခုရှိရဦးမည် ဆိုသည်ကို မူလက သတိမမူမိခဲ့ကြ ။ ထည့်သွင်း၍လည်းမစဉ်းစားမိခဲ့ကြ ။ဤလိုနှင့်သာ ကျွန်တော်တို့သည် လူသေလူဖြစ် လှုပ်ရှားမှု ပြဿနာထဲတွင် သူလိုကိုယ်လိုပင်ရော၍ ပါနေခဲ့ကြရလေသည် ။
ကျွန်တော်သည် ဆရာကြီးဒဂုန်ဦးလှဖေနှင့်လည်း ပုဂ္ဂိုလ်အရ ဆရာတပည့်လို ရင်းနှီးနေသည်လည်း တကြောင်း။ ပြီးတော့ ဆရာတော် ကြွလာသည်ဟု ကြားရသည်လည်း တကြောင်းကြောင့် တညနေဖက်တွင် ရောက်သွားခဲ့လေသည်။ ထိုအချိန်၌ ဆရာတော်သည် အသားဖြူဖြူ ခပ်ဝဝနှင့် ကော်ကိုင်းမျက်မှန် တပ်ထားသော သတ်လတ်ပိုင်း ကျော်ကျော်လောက်ရှိ လူတယောက်အား “ လူသေလူဖြစ် ” အကြောင်းရပ်များနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားလျက် ရှိနေ၏ ။ ထို့ကြောင့် ကျွန်တော်လည်း တိတ်ဆိတ် ငြိမ်သက်စွာ နားထောင်နေမိသည် ။
ဆရာတော်သည် အထောက်အထား အချက်အလက်များခိုင်လုံလောက်စွာဖြင့် အတော်ကြာအောင် ရှင်းလင်းမိန့်ကြားပြီးနောက် “ အင်း …. ဒီလူသေ - လူဖြစ်စာအုပ်ကို ဘာ့ကြောင့် ရေးရတယ်ဆိုတဲ့ ရာဇဝင်ကို ပြောပြရင် မင်းတို့ တော်တော်စိတ်ဝင်စား ကြလိမ့်မယ်ထင်တယ် ” ဟု မိန့်တော်မူလိုက်၏ ။
ထို့ကြောင့် ကျွန်တော်က “ မှန်ပါ- အမိန့်ရှိပါအုံးဘုရား ” ဟု လျှောက်လိုက်ရာ၊ ဆရာတော်က အောက်ပါ နောက်ကြောင်း ရာဇဝင်ကလေးကို မိန့်ကြားတော် မူလိုက်ပါတော့သည် ။
ဆွမ်းစားရင်း
ဆရာတော်သည် ၁၉၄၇ - ခုနှစ် ဂျွန်လ ထဲလောက်က ရန်ကုန်သို့ ရောက်နေကာဗဟန်းဖက်မှ ပြဿဒ်ကျောင်းတွင် ခေတ္တ သီတင်းသုံး၍ နေခဲ့၏ ။ ထိုအချိန်တွင် ကျွန်တော်တို့၏အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား တာဝါလိန်းလမ်းရှိ သူ၏ နေအိမ်သို့ပင့်၍ ဆွမ်းကျွေးခဲ့လေသည်။ ဆရာတော် ဆွမ်းဖုန်း ပေးပြီးနောက် ဗိုလ်ချုပ်နှင့် အလ္လာပ သလ္လာပ စကားများ နှီးနှောကြလေသည် ။
ဗိုလ်ချုပ်၏ ရဲသွေးရဲမာန်
ဤသို့နှီးနှောကြရာတွင် ဗိုလ်ချုပ်က ဆစ်လူမျိုးဟု ခေါ်သော ပန်ချာပီ လူမျိုးများမှာ တိုက်ပွဲ၌ ကျည်ဆံနောက်ကျောက မှန်ပြီးသေရလျှင်၊ ငရဲသို့လားသည်။ ရှေ့တည့်တည့်မှ ရင်ညွှန့်ကို မှန်ပြီးသေရမှ နတ်ပြည်သို့ ရောက်သည်ဟု အယူရှိကြကြောင်း။ ဂျပန်လူမျိုးများမှာလည်း ထိုနည်းအတိုင်းပင် တိုက်ပွဲ၌ ကျဆုံးလျှင် အသေမြတ်သည် ။ နတ်ပြည်သို့ ရောက်သည်ဟုအယူရှိ ကြကြောင်း ၊ ထို့ကြောင့် တိုက်ရဲ သေရဲ ကြကြောင်း ဤသို့ ယုံကြည်အောင် အယူ ရှိအောင်လည်း ယင်းတို့၏ စာပေများ အဘိဓမ္မာများက အကြောင်း ယုတ္တိ ခိုင်ခိုင်လုံလုံနှင့် ရေးသားပြီး ရဲစိတ် ရဲမာန်များ သွင်းပေးထားကြကြောင်း လျှောက်ထားလေ၏။
တမျိုးသားလုံးတွက်
ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက အလားတူပင် ဗမာတပ်မတော်သားများနှင့် ဗမာတမျိုးသားလုံး အတွက်လည်း မိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွေက် တိုက်ပွဲဝင်ကြသည့် အခါတွင် တိုက်ရဲ သေရဲ အသက်စွန့်ရဲအောင် မကြောက်တရားသွင်းပေးသည့် စာပေနှင့် အဘိဓမ္မာများအထူးပင် လိုအပ်နေကြောင်း ၊
ထို့ကြောင့် ထိုစာပေမျိုး အဘိဓမ္မာမျိုးကို ဆရာတော် အနေနှင့် ရေးသားပြုစုပေးနိုင်မည်ဆိုလျှင် အလွန်တန်ဘိုး ရှိမည် ဖြစ်ကြောင်းဆက်လက် လျှောက်ထားသည်ဟု ဆိုပါသည်။
လူသေလူဖြစ်ရွက်ပြ
ထိုအခါတွင် ဆရာတော်က ရုတ်တရက်ပြန်၍ “ လူသေ လူဖြစ် - လူဖြစ် လူသေ - တိုက် ကြ ဟေ ” ဟု ရွတ်ဆို ပြလိုက်ရာ ဗိုလ်ချုပ်က အတော် သဘောကျ၍ သွားလေသည်။ ဆရာတော်ကလည်း ဆက်လက်၍ လူသေလျှင် လူပြန်ဖြစ်နိုင်သည့် အကြောင်းကို “ ဥပါဒါနပစ္စယဘဝေါ ” ဆိုသည့် အပိုဒ်ဖြင့် ဥပါဒါန်ကြောင့် ဘဝ ဖြစ်ရပုံများကို အကျယ်တဝင့် ရှင်းပြရာ ဗိုလ်ချုပ်က များစွာနှစ်သက် လိုလားသွားသဖြင့် ဆရာတော်အား ရန်ကုန်တွင် ဝါဆို၍ ထိုသဘောတရားကို ကျမ်းတစောင်အဖြစ် အပြီးရေးပေးပါရန် လျှောက်ထားတော့၏ ။ သို့သော် ဆရာတော်ကမူ ရန်ကုန်မှာတော့ ဝါမဆိုလိုကြောင်း ၊ တောင်တွင်းသို့သာ ပြန်၍ ဝါဆိုကာ ကျမ်းကို တဝါတွင်းနှင့် အပြီးရေးပေးမည် ဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့လေ၏ ။
ရေးဆဲတွင်
ပြီးနောက် ဆရာတော်လည်း ဂျွန်လကုန်လောက်တွင် တောင်တွင်းသို့ ဝါဆိုမှီ ပြန်ကြွသွားခဲ့သည်။ တောင်တွင်းသို့ ပြန်ရောက်သည့် အချိန်မှ စ၍လည်း ဆရာတော်သည့် ဗိုလ်ချုပ်အလိုရှိနေသော “လူသေ လူဖြစ်” ကျမ်းကို စတင်ရေးသားလေတော့သည်။ သို့သော် မြှော်လင့် သလိုကားမဖြစ်ခဲ့ ၊ မမြှော်လင့် သလိုသာ ဖြစ်ခဲ့ရလေသည် ။ အကြောင်းကတော့ ဂျူလိုင်လ ( ၁၉ ) ရက် နေ့သို့ေ၇ာက်သော အခါ၌ မသမာသူတို့က ဗိုလ့်ချုပ်တို့အား လုပ်ကြံလိုက်ကြ သောကြောင့် ပေတည်း ။
နှစ်ပေါင်းကြာလေမှ
ထို့ကြောင့် ဆရာတော်မှာ များစွာ စိတ်ထိခိုက် သွားခဲ့၏ ။ နိုင်ငံ၏ နောင်ရေး အတွက်တွေး၍ ရင်မအေး နိုင်အောင်ဖြစ်သွားခဲ့၏ ။ ရေးလက်စဖြစ်နေသော လူသေလူဖြစ် ကျမ်းကိုပင် ဆက်လက် ရေးလိုစိတ်မရှိတော့၊ ဆရာတော်၏ လက်သည် အင်အားများ ကုန်ခမ်းသွားသလို ဖြစ်ခဲ့ရလေသည်။ ကလောင်ကိုပင် ဆက်လက် မနှင်နိုင်တော့။ နောက်မှ တဖြေးဖြေးတရားနှင့် ဖြေကာပြန်ဆက်ခဲ့ရသည်။ ထို့ကြောင့် မူလက တဝါတွင်းနှင့် အပြီးရေးမည်ဟုခဲ၍ ထားခဲ့သော လူသေလူဖြစ်ကျမ်းသည် ၁၉၅၀- ပြည့်နှစ်မှပင် နိဂုံးကမ်ပတ် အဆုံးသတ်ခဲ့ ရလေတော့သည်။
ဤရာဇဝင် နောက်ကြောင်းကလေးကို ဆရာတော်က ကျွန်တော်တို့အားမိန့်ကြား ပြလေသည်။ ဤရာဇဝင် ကလေးကိုကြားရ တော့မှပင် ကျွန်တော်တို့လည်း အံ့သြကြရခြင်းနှင့် အတူ လူသေလူဖြစ် ကျမ်းစာအုပ်ဖြစ်ပေါ် လာရခြင်း၏ အကြောင်းရင်းကို သိကြရတော့ သည်။
ဗိုလ်ချုပ်၏ မျိုးချစ်စိတ်
တဖန်ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား လူသေ-လူဖြစ် ကျမ်းစာကို ရေးသားရန် လျှောက်ထား ခဲ့သည်မှာလည်း အကြောင်းရင်းများ ရှိပြန်ပေ သေးသည်။ ဗိုလ်ချုပ်သည် နိုင်ငံကို ပြင်းပြစွာ ချစ်သည်။မျိုးချစ် စိတ်ပြင်းပြသည်။ ထို့ကြောင့် ဒုက္ခအမျိုးမျိုး ၊ ဆင်းရဲအမျိုးမျိုး ခံကာ၊ တိုက်ပွဲများကို ဦးဆောင်ဆင်နွှဲခဲ့လေသည်။ နိုင်ငံလွတ်လပ်ရေး အတွက်အမျိုးမျိုး ကြိုးပမ်းအားထုတ်ခဲ့လေသည်။
အထူးသဖြင့် နောင် လွတ်လပ်ရေးရယူပြီးသော အခါ၌ မြန်မာနိုင်ငံအား သူတို့ သြဇာအောက်တွင် ထားလို ကြသော တိုင်းတပါးသား နယ်ချဲ့ လက်သစ်များကို အမျိုးမျိုးရန်စကျူးကျော်၍ ဒုက္ခပေးလာကြမည့်အရေးကို ဗိုလ်ချုပ်က ကြိုတင်တွက်ချက် ထားခဲ့သည်။ ထို့ကြောင့် မြန်မာ တနိုင်ငံလုံးမိမိတို့၏ အချုပ်အချာအာဏာနှင့် လွတ်လပ်ရေးကို တည် တန့်ခိုင်မြဲအောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ကြရန် ရဲသွေး ရဲမာန်များ လိုအပ်သည်။ သို့အတွက် တမျိုးသားလုံး ရဲရဲတောက် အာဇာနည်တွေ ဖြစ်လာအောင်အတွေး အခေါ်သစ် အယူအဆသစ်ယုံကြည်ချက်အသစ်များဖြင့် ဇာတ်သွင်း ပေးရမည်ဟု ဗိုလ်ချုပ်ကသိမြင် နားလည်သည်။ ဤသည်တို့ကား တဖက်မှ အကြောင်းရင်းများပေတည်း။
ကြီးမားသော ရည်မှန်းချက်
သို့သော် ကျွန်တော်တို့သည် ဤမျှအထိ နိုင်ငံနှင့်လူမျိုးအတွက် ကြီးမားသော ရည်မှန်းချက် အစီအစဉ်ဖြင့် ရေးခဲ့သည်ဟု မထင်မိ၊ တကယ့်အမျိုးသား ခေါင်းဆောင်ကြီးတယောက်၏ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာရသည် ဟူ၍လည်း မရိပ်စားမိ။
ယခုတော့ ဆရာတော်ကိုယ်တိုင်က အကြောင်းရင်း ဇစ်မြစ်ကို ဖွင့်ဟမိန့်ကြားလိုက်လေသဖြင့် ကျွန်တော်တို့၏ အထင်များလွဲခဲ့ ရလေပြီ။ လူသေ-လူဖြစ်ကျမ်း စာကားအကြောင်းမဲ့ ပေါ်ထွက်လာခဲ့သည်မဟုတ် ဆရာတော် သျှင်ဥက္ကဋ္ဌ၏ စိတ်အလိုဆန္ဒ တခုတည်းဖြင့် ရေးသားခဲ့သည်မဟုတ်၊ ကျွန်တော်တို့၏ လွတ်လပ်ရေး ဗိသုကာကြီး လည်းဖြစ်၊ အမျိုးသား ခေါင်းဆောင် ကြီးလည်းဖြစ်လေသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က နိုင်ငံ၏နောင်ရေးအတွက် တမျိုးသားလုံး၏ သူရသတ္တိများ ထာဝစဉ်ပြောင်မြောက်လာရေးအတွက် လျှောက်ထားတောင်းဆိုခဲ့သောကြောင့်သာ ထွက်ပေါ်လာရခြင်း ပေတကား ။ ရေးသားထုတ်လုပ်လိုက်ရခြင်းပေတကား။ ။
by အိုးဝေဂျာနယ် အမှတ် ( ၆၃ ) ၊ ၁၅ . ၇ . ၁၉၇၁ ။ စာမျက်နှာ ( ၁၄ - ၁၅ ).
ရေးသူ ဦးမင်းအောင်
Facebook မှ Comments များ .....
  • Htay Oung ကျွန်တော် အရှင်ဥက္ကဋ္ဌဆရာတော် ရဲ့ တူအရင်း စာရေးဆရာကြီး တောင်တွင်း(ဦး)ကိုကိုလေးနဲ့ တစ်ပတ်လောက်ကြာအောင် သိချင်သမျှ မေးခွင့်ရခဲ့ပါတယ်။ လူသေ လူဖြစ်နဲ့ ပတ်သက်ပြီး မေးရာမှာ ဆရာကြီးက အဲဒီအကြောင်းအရာကို ဆရာတော်ကိုယ်တိုင်မှတစ်ပါး မည်သူမှ ထပ်ဆင့်ဟောကြား(မရှင်းလင်း)ဖို့ တားမြစ်တယ်လို့သိခဲ့ရပါတယ်။ ဘာ့ကြောင့်ဆိုတာ ယနေ့ထိ စဉ်းမရပါ၊ ကျွန်တော်လဲ ဆရာတော်ရဲ့ သမ္မာဒိဋ္ဌိသုတေသနအသင်းဝင် မဖြစ်ခဲ့ပါ။
    2 hours ago ·
  • Ashin Agga ကျေးဇူးတင်ပါတယ် Sa Maung ရေ ... အဲဒီလို အကြောင်းတရားကို မစူးစမ်းဘဲ အာဏာနဲ့ သော်၎င်း အဖွဲ့အစည်းအင်အားနှင့်သော်၎င်း နှုတ်ပိတ်ခံနေရတာတွေ မြန်မြန်ပျောက်ပါစေ ...လို့ ဆုတောင်းပေးလိုက်ပါတယ် .Share လဲ လုပ်သွားပါတယ် .. တကယ့်ကို မှတ်သားစရာ စာပါဘဲ ..
  • Bhikkhu Lawkanartha
    ရိုဟင်ဂျာကုလားတွေက ဗန္ဓုလနဲ့အမျိုးတော်ပြတယ်...
    ဦးဥက္ကဋ္ဌနဲ့ တပည့်များကတော့ လူသေလူဖြစ်ဝါဒကို
    ဗိုလ်ချုပ် ရေးခိုင်းတာပါဆိုပြီး လုပ်ပြန်ပြီ...
    အဓမ္မ၀ါဒီတွေ သေသာသေသွားကြရတယ်
    ဗိုလ်ချုပ် ရေးခိုင်းသည်ဖြစ်စေ မရေးခိုင်းသည်ဖြစ်စေ
    ဆဋ္ဌမူနဲ့လွဲရင်တော့ လက်ရှိအနေနဲ့ အဓမ္မဝါဒခေါ်မှာပဲ...
    တင်နေသူများကတော့ မသာသေဖေါ်ငြှိနေကြတယ် ပြောရမယ်...
    ဖေါ်တဲ့သူသာသေသွားတယ် သူ့ဝါဒမှားကတော့ ပျောက်နိုင်ခဲလှတယ်...
    လူသေလူဖြစ် မျိုးဆက်သစ်လေးတွေ ဘယ်လောက်ပေါ်လာဦးမယ်မသိဘူး...
    အမှန်မြင်နိုင်ကြပါစေ...
    (ရမှာတော့မဟုတ်ပါဘူး...စွဲနေပြီလေ...)
  • Nanda Lynn This is really interesting. Any evidence of Bogyoke's encounter with the Sayardaw would enforce the contents of this article. I would appreciate if any such information is available.
  • Stephin Lee
    ဆရာတော် သျှင်ဥက္ကဋ္ဌ ဟာ ခေတ်မီပြီး သူမတူအောင် တော်တဲ့ ဆရာတော်တပါး ဖြစ်ကြောင်း သိခဲ့ရဖူးတယ်။ ဦးနု ကျင်းပခဲ့တဲ့ ဆဌမသံဃာယနာ တင်ပွဲမှာ အရေးပါတဲ့ နေရာမှာ ပါဝင်ခဲ့တယ်။ သူတရားကို နာဖို့ ဖိနပ်ချွတ်စရာ မလို၊ ထိုင်ခုံမှာထိုင်ပြီး သက်တောင့်သက်သာ နာခွင့်ပေးတဲ့ ဆရာတော်ပါတဲ့။ နောက် တပ်မတော် အတွက် အရေးကြီးတဲ့ စစ်အင်္ဂါစဉ်ကျမ်းကို သူဘာသာပြန်ခဲ့တာ ဖြစ်တယ်။ ဘာသာစကား ၄၊ ၅ မျိုးကို ထုံးလိုမွှေရေလိုနှောက်သလို ကျွမ်းကျင်တယ်။ ဒီလို ဆရာတော်မျိုးဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ငန်းရပ်တွေမှာ များစွာ ပါဝင် လုပ်ကိုင်ခဲ့တယ်။ သူ့ကျေးဇူးတရားတွေ တိုင်းပြည်အပေါ် များစွာ ရှိခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့သမိုင်းကို ဖျောက်ပစ်ခဲ့တယ်လို့ သိမှီတဲ့ သူတွေ ပြောတယ်။
  • Sai Zaw never heard before this story .
    who can proof that is totally true .
    pls let me share also thx.................
Contacts for the Future
 မောင်ကျော်စိုးလင်း
Ph: 91698061
Email Adress: kyawsoelinnksl@gmail.com
စင်္ကာပူနိုင်ငံတွင် နေထိုင်သည်။ မင်္ဂလာဝိဟာရကျောင်းတွင် ပညာတတ် မြန်မာလူငယ်တို့ကို Communication Skills ကို အင်္ဂလိပ်လို သင်ကြားပေးသည့် လူငယ်ဖြစ်သည်။ အနာဂတ်တွင် Comunication Skills စသည့် သင်တန်းတို့ကို ဖွင့်လှစ်ပေးနိုင်ပါလိမ့်မည်။ (19. 05. 2012)
နန်းသူဇာ
Email Adress: nthuzar@gmail.com
မိမိ အမေရိကန်စင်တာတွင် အင်္ဂလိပ်စာသင်တန်းများ တက်စဉ် Debate သင်တန်းတို့ကို နည်းပြခဲ့သူ ဖြစ်သည်။ အမေရိကန်စင်တာ Debate အသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။ ၂၀၀၉ - ခုနှစ် နှစ်ဆန်းပိုင်းက သူ့အမရှိရာ သီရိလင်္ကာနိုင်ငံသို့ အလည်အပတ်ရောက်စဉ် မကုဋာရာမမြန်မာကျောင်း၌ မြန်မာရဟန်းတော်တို့ကို  နှစ်ပတ်ခန့် Debate သင်တန်း ပို့ချခဲ့သည်။ သီရိလင်္ကာတွင် နေထိုင်သည့် မနန်းလောင်ဝမ်၏ တစ်ဝမ်းကွဲ ညီမဖြစ်ပြီး ယခု မြန်မာနိုင်ငံတွင် နေထိုင်နေသည်။ အနာဂတ်တွင် Debate နှင့် ပတ်သက်သော သင်ခန်းစာတို့ကို လူငယ်တို့အား လက်ဆင့်ကမ်းနိုင်ပါလိမ့်မည်။ (19. 05. 2012)
မြန်မာ့ရိုးရာအစားအစာများ တီထွင်ဖော်ထုတ်ရန်
မြန်မာလူမျိုးများ ချက်ပြုတ်စားသောက်နေသည့် အစားအစာ အများစုမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ လာခြင်း ဖြစ်သည်။ မနက်စာအဖြစ် လဘက်ရည်ဆိုင်တွင် ရနိုင်သည့် ပလာတာ၊ နံပြားမှာ အိန္ဒိယမှလာ၍ အီကြာကွေး၊ ကော်ပြန့်လိပ်၊ ပေါက်စီ၊ မုန့်တီ၊ ခေါက်ခွဲများမှာ တရုတ်နိုင်ငံမှ လာလေသည်။ မြန်မာ့အစားအစာအဖြစ် လက်ခံထားသည့် မုန့်ဟင်းခါးမှာလည်း မြန်မာ့ရိုးရာအစားအစာ ဟုတ်၊ မဟုတ် မသေချာပေ။
၂၀၀၄ - ဝန်းကျင်က သူငယ်ချင်းအချို့နှင့်အတူ သင်ထားသည့် အင်္ဂလိပ်စာကို လက်တွေ့လေ့ကျင့်ဖို့ အင်္ဂလန်နိုင်ငံသား တစ်ယောက်ကို ရန်ကုန်မြို့ပေါ် လိုက်ပို့ဖြစ်သည်။ အစာပြေ မြန်မာ့အစားအစာ မုန့်တစ်ခုခုစားချင်ကြောင်း ပြောတော့ အခက်ကြုံခဲ့ရသည်။ တစ်ယောက်က ပေါကစီ
မြန်မာ့အစားအစာအဖြစ် လက်ခံထားသည့် မုန့်ဟင်းခါး၊ ထမနှဲတို့မှာ ချက်ရပြုတ်ရ၊ လုပ်ရကိုင်ရတာ လက်ဝင်သလောကက် အရသာကား အငြင်းပွားဖွယ်ရာ ဖြစ်နေပေသည်။ Controversial Food များ ဖြစ်ကြပါသည်။ ဆိုလိုသည်မှာ အချို့ သဘောကျ၍ အချို့ကား ကြိုက်နှစ်သက်ခြင်း မရှိခြင်း ဖြစ်သည်။
အဆင့်အတန်းရှိသော ရိုးရာအစားအစာ ပေါများခြင်းကို လူမျိုးတစ်မျိုး၊ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှု အဆင့်တန်းမြင့်မားမှုအဖြစ် သက်မှတ်ကြသည်။ တစ်ကမ္ဘာလုံး လက်ခံစားသုံးနိုင်သော ရိုးရာအစားအစာ ထုတ်လုပ်နိုင်သည့် နိုင်ငံသည် ကမ္ဘာ့အလယ်တွင် မျက်နှာပန်း လှနေပေသည်။ ဥပမာ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံ၊ အာရှအရှေ့ခြမ်းမှ ကိုရီးယားနှင့် ဂျပန်တို့ ဖြစ်ကြသည်။ ၎င်းတို့၏ ရိုးရာ အစားအစာများမှာ နိုင်ငံစုံမှ လူမျိုးတိုင်း စားသောက်နိုင်ကြသည်။ နှစ်ခြိုက်ကြသည်။ များသောအားဖြင့် အရှေ့တိုင်းအစားအစာဟု ဆိုလိုက်လျှင် ထိုင်း၊ တရုတ်၊ ကိုရီးယားနှင့် ဂျပန် အစားအစာများကိုသာ မြင်ယောင်မိကြသည်။ နိုင်ငံတကာတွင် သင်ကြားနေသည့် အင်္ဂလိပ်စာအုပ်များတွင် အရှေ့တိုင်း အစားအစာနှင့် ပတ်သက်၍ ဖော်ပြလိုလျှင် ၎င်းအာရှနိုင်ငံတို့၏ ရိုးရာအစားအစာများ ဖြစ်နေသည်ကို တွေ့ရသည်။ 
ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ထုတ်လုပ်သည့် ရိုးရာအစားအစာများမှာ ကမ္ဘာကျော်သည်။ ပြင်သစ်အစားအသောက် အချို့ဆိုလျှင် လျာပေါ်တင်ရုံမျှဖြင့် အလိုလို အရည်ပျော်သွားကြောင်း သိရသည်။ အမေရိကန်များကလည်း KFC, McDonal စသော အစားအသောက်ကောင်းများကို တီထွင်ဖော်ထုတ်ကြသည်။ ၎င်းတို့၏ ကမ္ဘာကျော် အစားအစာတို့ကို ဆန်းစစ်ကြည့်သည့်အခါ အောက်ပါ အချက်များ ပါဝင်နေသည်ကို တွေ့ရသည်။
  1.  အရသာရှိသည်
  2. အဆင်းလှသည်
  3. ခွန်အားဖြစ်စေပြီး လတ်ဆက်သည့် အသားငါး၊ သစ်ဥသစ်ဖုနှင့် သစ်သီးသစ်ရွက်တို့ကို အသုံးပြုထားသည်။ 
  4. ပါဝင်သည့် အမျိုးအမည်တို့ကို စနစ်တကျနှင့် အတိအကျ ပေါင်းစပ်ထုတ်လုပ်ထားသည်။ (တိကျသည့် Formular ရှိသည်)
  5. ထုပ်ပိုးမှု သပ်ရပ်သည်။
လူမျိုးတစ်မျိုး၏ ခန္ဓာကိုယ် ကြီးထွားနှုန်းသည် ၎င်းတို့ စားသုံးနေသည့် အစားအသောက်ပေါ်တွင် များစွာ တည်မှီနေပေသည်။ စီးပွားရေးကောင်းပြီး အစားအသောက်ကို စနစ်တကျ စားသုံးကြသည့် ထိုင်းနှင့် စင်္ကာပူနိုင်ငံမှ လူငယ်များမှာ အရပ်အမောင်းကောင်းကြပြီး အသားအရေမှာ ဝင်းပြောင်နေပေသည်။ ယခင်က မြန်မာများ သိသည့် ဂျပန်ငပုများမှာ ယခုအခါ ကမ္ဘာနှင့်ပင် ရင်ဘောင်တန်းနိုင်နေပေပြီ။ အနောက်နိုင်ငံများမှ စားသုံးပုံစနစ်တို့ကို သေချာလေ့လာကာ ကလေးဘဝမှစ၍ အစားအသောက်ကို စနစ်တကျ စားသောက်ရန် သင်ကြားခဲ့သည်ဟု ဆိုပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်ထွားကြိုင်းစေသည့် ဂျုံနှင့် ပြုလုပ်ထားသည့် အစားအသောက်တို့ကို အဓိကစားသောက်ကြောင်း သိရသည်။ ၁၉၉၉ ခုနှစ်က ထိုင်းလက်ရွှေစင်အသင်းနှင့် ခြေစမ်းပွဲကန်ရန် ဘရာဇီးလက်ရွှေစင်အသင်းကို ဖိတ်ကြားခဲ့သည်။ ဘရားဇီးဘောလုံးအဖွဲ့ချုပ်က ထိုင်းနိုင်ငံသို့ ရောက်စဉ် ဘရာဇီးဘောလုံးသမားများအား ကျွေးရန် ( ) မျက်နှာရှိသည့် အစားအစာ စာရင်းကို ပေးပို့ခဲ့သည်။ ခြေစမ်းကြတော့ ဘရာဇီးအသင်းက သက်သက်သာသာ ကစားပြီး (၇း ၀) နှင့် နိုင်သွားသည်။
၂၀၁၂ လဆန်းပိုင်းက မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်ခဲ့သည်။ မြန်မာနိုင်ငံနှင့် ကင်းကွာခဲ့သည့် လေးနှစ်အတွင်း မျက်လုံးထဲမှာ အပြောင်းအလည် တော်တော်များများ မြင်မိခဲ့သည်။ အသိသာဆုံး အပြောင်းအလဲအဖြစ် မြန်မာလူငယ်လေးများ၏ ခန္ဓာကိုယ်မှာ အစမတန် သေးကွေးနေသည်ဟု မိမိမျက်လုံးထဲ မြင်နေခဲ့ခြင်း ဖြစ်သည်။ မြင်ကွင်းက နဂိုအတိုင်းပဲလား၊ မိမိမျက်လုံးကများ ပြည်ပတွင် နေခဲ့သည့် လေးနှစ်အတွင်း ပြောင်းလဲသွားသလား မသိပါ။ သေချာသည်မှာ မြန်မာကလေးများနှင့် မျိုးဆက်သစ်မြန်မာလူငယ်တို့ကို အစားအသောက် စနစ်တကျ ကျွေးမွေးရန် လိုနေပေပြီ။
Friday, May 18, 2012
နိဗ္ဗာန်ဈေး (သို့) ရန်ပုံငွေဈးရောင်းပွဲတော်
မိမိကျောင်းတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့စသော အခါကြီးရက်ကြီးများ၌ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးရန်။ ထိုသို့သော ဈေးရောင်ပွဲတော်များတွင် အသစ်တီထွင်ထားသည့် မြန်မာ့ အစားအစာတို့ကို ရောင်းချရန်
စာအုပ်နှင့် စီဒီ (MVV Vesek Day Fund Fair 2012)
ဖယောင်းတိုင် (MVV Vesek Day Fund Fair - 2012)
ဓမ္မဒါနစာအုပ် (MVV Vesek Day Fund Fair - 2012)
Sunday Dhamma School (MVV Vesek Day Fund Fair - 2012)
Buddhsit and Pali College (MVV Vesek Day Fund Fair - 2012)
လက်ပန်ရွာတွင် လိုအပ်နေသည့် ကိစ္စတစ်ခုခုအတွက် ဈေးရောင်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေရန်။ ထိုသို့ ရန်ပုံငွေ ရှာဖွေရာ၌ ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများမှ အသိ တကာ၊ တကာမများကို ဖိတ်ခေါ်၍ ဈေးရောင်းစေခြင်း၊ ပျော်ပွဲရွှင်ပွဲစသော ဖျော်ဖြေပွဲများ ပြုလုပ်စေခြင်းဖြင့် ရွာဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးရန်
  • လောကချမ်းသာစေတီတော် ပထမအကြိမ် နိဗ္ဗာန်ဈေး Click here
    ဒီဆောင်းပါးက နိဗ္ဗာန်ဈေးအကြောင်း ဂဃနဏ သဘောပေါက်စေပါတယ်။ ဓာတ်ပုံတွေပါ ပါတော့ ပိုပြီး ရုပ်လုံးကြွတာပေါ့။ နိဗ္ဗာန်ဈေးမှာ ရောင်းမယ့် အစားအသောက်တွေအမည်တွေ၊ အစားအသောက်တစ်ခုစီအတွက် အလှူရှင်နာမည်တွေက နောင် ကိုယ်တိုင် လုပ်တဲ့အခါ အတုယူစရာ ဖြစ်မှာပါ။ 
    သာသနာ့ဥသျှောင် နိဗ္ဗာန်ဈေး (1) Click here
    သာသနာ့ဥသျှောင် နိဗ္ဗာန်ဈေး (2) Click here
    သာသနာ့ဥသျှောင် နိဗ္ဗာန်ဈေး (3) Click here
    သာသနာ့ဥသျှောင် နိဗ္ဗာန်ဈေး (4) Click here
    သာသနာ့ဥသျှောင် နိဗ္ဗာန်ဈေး (4) Click here
    အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် ရန်ပုံငွေ ဈေးရောင်းပွဲတော်များတွင် အကြီးဆုံး ဖြစ်သည်။ အစီအစဉ်ကျပြီး အတုယူစရာလည်း ကောင်းပါသည်။ 
Thursday, May 17, 2012
ဂျူး (ရွှေတိဂုံနှင့် ဂျူး)
ထို့ထက်ပို၍ ဖြိုး (ဖြိုးကျော်) ကို ကျေးဇူးတင်မိသည်မှာ ရွှေတိဂုံစေတီတော်၏ ညရှုခင်းကို စိတ်အေးချမ်းစွာ ကြည်ညိုရန် လိုက်ပို့ပေးခြင်းကြောင့် ဖြစ်သည်။ စနေနေ့ည (၇) နာရီတွင် သူမတို့နှစ်ယောက် စာအုပ်တစ်ပွေ့စီဖြင့် ရွှေတိဂုံဘုရားသို့ ရောက်ကြသည်။ စေတီတော်ကို အောက်မှပင့်၍ မီးမောင်းများ ထိုးပေးပူဇော်ခြင်းဖြစ်ပြီး မည်းမှောင်နေသော ကောင်းကင်ဝန်းကျင်နောက်ခံတွင် ရွှေတောင်ကြီး ထီးထီးမားမား ပေါ်လွှင်နေသလို ဝင်းလက်နေ၏။ ဗုဒ္ဓဘာသာကို အလွန်ယုံကြည် မြတ်နိုး၍ ကိုးကွယ်သူ ဖြစ်သည့်တိုင် တွေ့တွေ့သမျှ ဆင်းတု၊ စေတီတို့ကို မကြည်ညိုတတ်သူ တင်တင်ဇော်ပင်လျှင် ရွှေအဆင်းဝင်းပလျှက်ရှိသော စေတီတော်ကို ဖူးမြော်ရင်း ဦးချ ရှိမခိုးဘဲ မနေနိုင်လောက်အောင် သပ္ပါယ်လှသော ရှုခင်း ဖြစ်နေလေသည်။
စောစောဆီက ရှိသော မနာလို ဝန်တိုစိတ်များ၊ လောဘ၊ မောဟများ အားလုံး ကင်းစင်ပပျောက်သွားသည်ကို အံ့ဩဖွယ်ရာ သတိထားလိုက်မိသည်။ ဘယ်လောက်ထိ စိတ်ငြိမ်းချမ်းသွားသလဲဆိုလျှင် ဘုရားကန်တော့အပြီး ဆုတောင်းလေ့ရှိသော ဆုတောင်းမျိုးကိုပင် မတောင်းမိတော့လောက်အောင် ဖြစ်သွားသည်။
ကြာတော့သည်လည်း မောင့်စကား 
 (နှာ - ၂၁၃)
ဤဝတ္ထုထင်သည်။ (မြစ်တို့၏မာယာလည်း ဖြစ်နိုင်သည်။) မိမိ အသက် (၁၆ - ၁၇) နှစ်အရွယ်က ဗန်းမော်မြို့မှ မန္တလေးမြို့သို့အပြန် သင်္ဘောပေါ်တွင် ဖတ်ဖြစ်ခဲ့သည်။ ဝတ္ထုထဲတွင်ပါသည့် မြန်မာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အရေးအသားများက မိမိရင်ကို အံ့ဩတုန်လှုပ်စေခဲ့သည်။ ဝတ္ထုထဲမှ အမျိုးသမီးဇာတ်လိုက် တင်တင်ဇော် နန္ဒအခန်းတွင် သွားရောက် အိပ်သည့်အခန်း ဖြစ်သည်။ ဤသို့သော ရဲတင်းသည့် အရေးအသားများသည်ပင် စာရေးဆရာမဂျူး၏ ဟန်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ဤဝတ္ထုသည် စာမျက်နှာ ငါးရာကျော်ပါသည်။ မိမိပြောလိုသည့် အချက်ကို စာမျက်နှာပေါင်းများ ယူပြီး ရေးထား၍ စကားဖောင်းပွနေသည်ဟု ယူဆနိုင်သည်။ စာရေးဆရာပေးလိုသည့် မက်စေ့ခ်ျကို စာမျက်နှာ် သုံးရာခန့်ဖြင့်လည်း ပြီးအောင် ရေးနိုင်သည်။ အချို့နေရာတို့တွင် မလိုအပ်သည့် အကျယ်ချဲ့မှုတို့ ရှိနေသည်။ 
မိန်းမလေးတစ်ယောက် ပြောလိုက်သည့်စကားကို (ငါ့ချစ်သူက ငါ့ထက်သာတဲ့သူ ဖြစ်ရမယ်) စိတ်ထဲမှာ စွဲထားပြီး ချစ်သော်လည်း မပြောရဲခဲ့သည့်၊ မပြောပဲ ထားလိုက်သည့် (ဖြိုးကျော်) ယောက်ျားတစ်ယောက်၏ မြိုသိပ်မှု၊ ကိုယ့်ကိုယ်ကို အပိုင်တွက်လွန်းပြီး ချစ်စကား မဆိုဘဲ မိန်းကလေးဘက်က သူ့ဖြစ်စေချင်သည့်အတိုင်းသာ ဖြစ်စေရမည်ဟု အောင့်မေ့ကာ ချစ်စကားမဆိုခဲ့သည့် နန္ဒ၏ တွက်ကိန်း၊ ဖြိုးကျော်နှင့် နန္ဒတို့၏ လွန်ဆွဲပွဲအကြား ကြားညှပ်ခဲ့သည့် တင်တင်ဇော်၊ ကိုယ့်ကို ချစ်သော်လည်း ချစ်စကား မပြောကြသည့် ယောက်ျားတို့အကြား စိတ်ထွေပြားခဲ့သည့် တင်တင်ဇော်၊ နောက်ဆုံး အချစ်ဆိုသည့် တန်ဖိုးကြီးအရာကို ရဖို့ အရဲစွန့်ခဲ့သည့် တင်တင်ဇော်တို့ဖြင့် ဇာတ်ကောင်သုံးယောက်ဆင်ကာ ဇာတ်လမ်းခင်းထားသည်။ 
 စာမျက်နှာငါးရာကျော်ကို အချိန်ပေး ဖတ်ခဲ့ရသော်လည်း အချိန်ပေး မဖတ်သင့်သည့် စာအုပ်အဖြစ် စာရင်းသွင်းလိုက်ပါသည်။
မြတ်စွာဘုရားနှင့် ခြင်္သေ့ဥပမာ
တနေ့သ၌ မြတ်စွာဘုရားသခင်သည် တရားတော်ကို မိမိလေးစားရိုသေပုံကို ခြင်္သေ့မင်းနှင့် ဥပမာပြု၍ ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ ခြင်္သေ့မင်းသည် အကယ်၍ ဆင်ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။ မလေးမစား မသတ်ပုတ်။
အလားတူပင် ကျွဲ နွား သစ်တို့ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။ မလေးမစား မသတ်ပုတ်။
အယုတ်သဖြင့် ယုန် ကြောင် စသော ငယ်သောသတ္တ၀ါတို့ကိုပင် သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။
မလေးမစား မသတ်ပုတ်။
ထိုသို့ လေးလေးစားစား သတ်ပုတ်ခြင်းသည် အဘယ့်ကြောင့်နည်း။
ငါ၏ အားထုတ်မှု လမ်းစဉ်သည် မပျက်စီးပါစေလင့်-ဟု နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့၊ ငါဘုရားသည်လည်း ရဟန်းတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
အလားတူပင် ရဟန်းမ ဥပါသကာ ဥပါသိကာမတို့ကို တရားဟောမူလည်း လေးလေးစားစားစာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
အယုတ်သဖြင့် ထမင်းစား ကျွန်ခံ၊ မုဆိုး စသော ပုထုဇဉ်တို့ကိုပင် တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
ထိုသို့ လေးလေးစားစား ဟောကြားခြင်းသည် အဘယ့်ကြောင့်ပါနည်း။
ငါဘုရားသည် တရားကိုလေးစား၊ တရားကို ရိုသေသောကြောင့်တည်း။
( အင်္ဂုတ္တိုရ်ပါဠိတော်-သီဟသုတ် )
ခရစ်ယာန်
 ခရစ်ယာန် ဘာသာဝင်တို့ အတွက် အမြင်မရှင်းသည့် မေးခွန်းများ
၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရ ဘုရားသခင် ဘယ်မှာနေပါသနည်း?
၂. ထာဝရဘုရား ကို မည်သူဖန်ဆင်း ခဲ့သနည်း? ထာဝရ ဘုရားသခင်အဖြစ်သို့ ရောက်ရှိလာသည့် ထာဝရဘုရား၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။
၃. သာမန်ထူချွန်သော လူပုဂ္ဂိုလ် သည်ပင် ထူးချွန်လာဖို့ ကြိုးစား ဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိ သည် ရှိ၏ယခုကဲ့သို့ တုနှိုင်းမမှီသော ဘုရားဂုဏ် နှင့် ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတဆူဖြစ်ဖို့ ထူးခြား စွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိ သည် ရှိသင့်လှပေသည်။ ရှိက ဖော်ပြပါ။ အကျိုးတရား တခု တခု တိုင်းတွင် အကြောင်းတရား သည် ရှိ၏။ အကြောင်းတရား မရှိပဲ အကျိုးတရား ပေါ်ရိုးထုံးစံ ရှိပါသလား? အခိုင်အမာ ဖြေကြားပေးပါ။
၎. မွေးဖွားလာစကပင် တဦးနှင့်တဦး အတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
၅. ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?
၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည် ဘုရား သခင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာအစွမ်းအစမှ မရှိလို့ ဖြစ် ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?
၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုး သည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမ ကင်းကြောင်း သေချာပါသည် ဒါကြောင့်လူသားတို့ကို ဖန်ဆင်းသော ထာဝရဘုရားသည် ချမ်းသာပေးသလား ဆင်းရဲပေးသလား ဆိုတာ ဖြေကြားပေးပါ။
၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူကမှ မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခဆိုးကြီးကိုပါဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? ထာဝရဘုရား၏ မေတ္တာကို ရှင်းပြပါ။
၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည် သင်ကိုယ်တိုင်လဲ ဒုက္ခရှိတာ ငြင်းချက်မရှိသေချာပါ၏ ဒုက္ခ ဖြစ်စေနိုင်သည့် ဒီခန္ဓာကို ထာဝရဘုရားက ဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ ထာဝရဘုရားပင်ဖြစ်မနေဘူးလား? ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစာပြီးဖြေကြည့်ပါ။
၁၀. ထာဝရဘုရားသာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက် ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေးပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။
၁၁. ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘ၀ကို ကြမ်တမ်းစေသနည်း? မအို မနာ မသေသော ကောင်းကင်နိုင်ငံ တော်သို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေ သနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့်ကိုက်ညီအောင်သုံးနှုံးဖြေကြားပေးပါ။
၁၂. ထာဝရဘုရားသည် ကောင်ကင်နှင့်မြေကြီး ရေ သစ်ပင် တော တောင် လူတိရိစ္ဆာန်တို့ကို ဖန်ဆင်းခဲသည်ဟု ဆိုသည် သို့သော် ထိုထိုသော သက်ရှိတို့ အသက်ရှင်ရေးအတွက် ရှူရှိုက်စရာ လေ ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌မပါရှိပါ။ ထို့ကြောင့် လေ ကိုဖန်ဆင်းသည်ဟူသောကျမ်း၏စာအုပ်စာမျက်နှာ အထောက်အထားတို့ ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။
၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် ဘုရား သခင်၏ အလိုတော်အတိုင်း သာ ဖြစ်သည်ဟုဆိုပါက သူတပါး၏ စော်ကားခံရသော အမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် ဘုရာသခင်၏အလိုတော် အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပေသည် ဒီလိုဆိုပါက ဘုရား သခင်၏ ဂရုဏာတော်က မည်သို့နည်း?
၁၄. အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာ ဖြစ်တော့၏ ဥပမာ - သင့်အပေါ် စော်ကား ချင်တိုင်း စော်ကားသောလူယုတ်မာသည်အပြစ်မှလွတ်အောင် ဘုရားသခင်ထံချဉ်းကပ်ဆုတောင်း၏ ဘုရားသခင် သည် လူယုတ်မာ၏ အပြစ်ကို ခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ်ကယ်တင်ခဲ့ပါလျှင် သင်ဘယ်လို ခံစားရမည်နည်း? အဓိပ္ပါယ် ရှိပါသလား? ရှင်းပြပါ။ ဥပမာ - သင်ကိုယ်တိုင် ဆူး ကို တက်နင်းပြီး ဖြစ်ပေါ်လာတဲ့နာကျင်မူ့ဒဏ်ကို ဘုရားသခင် ခံစားပါသလား။ သင်ခံစားပါသလား။ အဓိပ္ပါယ် ရှိအောင် ဖြေကြားပေးပါ။
၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့်ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော် ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း? ထာဝရဘုရား၏ တန်ခိုးတော်က မည်သို့နည်း?
၁၆. ကိုယ့်ဟာကိုရှာစားပြီး ဘုရားကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံရှင်းကို ဘုရားပေး သည်ဟူသောအဓိပ္ပါယ်ကို ရှင်းပြပါ။ သင် မရှာထားပါက အစားအစာရပါမည်လော သင်စီးပွါးမရှာပါ က ပြည့်စုံပါ မည်လား ထိုသို့(စားရခြင်း၊   ပြည့်စုံရခြင်း  အကျိုးတရားတို့တွင်ဘုရားသခင်၏ လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူးတင်ရာရောက်မနေဘူးလား၊ သဘာဝကျအောင်စဉ်း စားဖြေကြားပေးပါ။
၁၇. ထာဝရဘုရား ဖန်ဆင်းသည်မှာ တစ်ကမ္ဘာပဲဟု သိရပါသည် (သို့သော်) စကြာသဠာ အနန္တဟူသော မရေ တွက်နိုင်သောဂြိလ်အမျိုးမျိုး ကမ္ဘာအမျိုးမျီုးရှိနေကြောင်းသိပ္ပံစမ်းသပ်မူတွေ၌ ဖော်ပြနေတာကို အဘယ် သို့ဖြေရှင်းမည်နည်း၊
၁၈. ထာဝရဘုရားသည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ ဂြိလ်အ သီးသီးမှ ဂြိလ်သားများ ဤကမ္ဘာသို့ရောက်ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ထိုဂြိလ်သားများကို ထာဝရဘုရားဖန်ဆင်းခဲ့သလား ဖန်ဆင်းခဲသည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
၁၉.သိပ္ပံစမ်းသပ်မူတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏ ဖန်ဆင်းရှင်ဝါဒ ကို ငြင်း ဆန်နေသ ကဲသို့ သက်ရောက်နေပါသည် ထို့ ကြောင့် သိပ္ပပညာက မှာသည်ဟုပြောမလား ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပါ။
၂၀. ထာဝရဘုရားဆိုတာ ဘယ်သူပါလဲ ဘာကြောင့်ကိုယ်စားလှယ်သားတော် လွတ်ရသလဲ။ အဘယ်ကြောင့်   လောက တွင်းသို့ မဆင်းသက်သလော။
၂၁. ထာဝရဘုရား၏ ရုပ်ပုံလွာတင် ဆံပင်မွေးညင်းသည် ဖြူဖွေးသော နှင့်ပွင့် နှင့်တူ၏။မျက်လုံး (၇) လုံးပါရှိ၏။ဦးဂျို (၇) ချောင်းရှိ၏။ပါးစပ်တွင် အသွားနှစ်ဖက်ပါသော ဓားရှည် တစ်ချောင်းပါပြီး ခြေထောက်တော်နှင့် လက်တော်တို့တွင် မီးရဲရဲ ဖုတ်ထားသော ကြေးဝါရောင်ရှိသည်ဟု (ကျမ်းစားတို့တွင် အတိအကျ ဖော်ပြထားပါလျက်)အဘယ့်ကြောင့် တရားဟောရာတွင် ထည့်မဟောပဲ ၀ိညာဉ်တော်ဟူ၍ဖုံးကွယ်ထားသည်ကို ရှင်းပြပါ။ဤသို့သော ခန္ဓာဖွဲ့စည်းပုံ တို့ဖြင့် ကြည်ညိုဖွယ်ဟူ၍ ဘယ်လိုဆက်စပ်၊ကြည်နူးစွာ ကြည်ညိုပါသနည်း။
၂၂. ဓမ္မသစ်ကို မည်သူဟော၍၊ ဓမ္မဟောင်းကို မည်သူဟောပြောပါသနည်း။၎င်းပုဂ္ဂိုလ်နှစ်ဥိး၏ ဟောပြောချက် အဘယ့်ကြောင့် ဆန့်ကျင်နေပါသနည်း။
၂၃. စာရေးဆရာ ဆန်းလွင် ရေးသားသောရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း - စာအုပ်မှခရစ်ယာန်ဝါဒ၏ ကောက်နုတ်ချက်များကို ဖြေရှင်းနိုင်ပါသလား။
၂၄. ခရစ်ယာန် ဘာသာတွင် ရှေးဘ၀၊ နောက်ဘ၀ ရှိပါသလား။ခရစ်ယာန် ဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော   ကောင်းကင်နိုင်ငံတော်သို့ ၀င်ရောက်သွားဖူးသော မိသားစု နှင့် လူပုဂ္ဂိုလ်တို့၏ အမည်နှင် လိပ်စာ ရှိခဲ့ဘူး ပါသလား။ယခု ရှိနေပါလျှင် လိပ်စာ နှင့် နာမည် အတိအကျသက်သေဖော်ပြပါ။
From Facebook (17. 05. 2012)
Bookmark This Page Facebook Twitter Google Plus RSS