Wednesday, May 9, 2012

ဘာသာရေးသီချင်းနှင့် တူရိယာအသစ်တီထွင်ရန်

  • သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ရေးစပ်ထားသည့် သီချင်းပေါင်း များစွာရှိသည်။ ဗုဒ္ဓဝင်အကြောင်း၊ သာဝကကြီးများအကြောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုများအကြောင်း၊ ဘာသာရေးပွဲတော်များအကြောင်း၊ သီရိလင်္ကာ ယဉ်ကျေးမှုဓလေ့ထုံးစံများအကြောင်းစသည်ဖြင့် အကြောင်းအရာ စုံလှသည်။ သီချင်းတော်တော်များများကို ရဟန်းတော်များကိုယ်တိုင် ရေးစပ် သီကုံးကြသည်ဟု ဆိုသည်။ မိမိ ပါလီမန်ဘုန်းကြီးကျောင်းတွင် နေစဉ်က ဆရာတော်ကိုယ်တိုင် ဦးစီးကျင်းပသည့် မြူးဇစ်ကွန်ဇာ့သို့ သွားရောက် နားထောင်ခဲ့ရသည်။ အမေရိကန်တွင် နေထိုင်သည့် အဆိုတော် ဒကာကြီးတစ်ယောက် ကျောင်းသို့ လာပြီး သီချင်းလာဆိုပြသည်ကို ကျောင်းရှိ ဆရာတော်၊ ဦးဇင်းများ၊ ဒကာ၊ ဒကာမများနှင့် နားထောင်ခဲ့ရသည်။
  • ဘာသာရေးနှင့် ပတ်သက်သော သီရိလင်္ကာသီချင်းများမှာ ညိမ့်ညောင်းသာယာလှသည်။ အထူးသဖြင့် သံစဉ်ကကို နားဝင်ချိုနေသည်။
  • သီရိလင်္ကာ ဘာသာရေးသီချင်း အပုဒ် (၁၀၀) သို့မဟုတ် အပုဒ် (၅၀) ကို ဘာသာပြန်ရန် 
  • သီရိလင်္ကာ ဘာသာရေးသီချင်းများအကြောင်းကို သီးစစ်အသေးစား တစ်ခု ရေးရန်
  • မြန်မာနိုင်ငံတွင်လည်း ဘာသာရေးနှင့် ပတ်သက်၍ ရေးစပ်ထားသည့် သီချင်းများ များများစားစား ပေါ်ပေါက်လာရန် ဆောင်ရွတ်ရန်။ ထိုသို့ ဆောင်ရွတ်ရာတွင် နားဝင်ချိုသာ ရှိမည့် တူရိယာအသစ်များ တီထွင်နိုင်အောင် တွန်းအားပေး ဆောင်ရွတ်ရန်။ တူရိယာများ တီထွင်ရာတွင် တရုတ်နိုင်ငံမှ တူရိယာတို့၏ အသံကိုလည်း အသေအချာ လေ့လာပြီး ထည့်သွင်းနိုင်ရန်။
  • အထက်ပါကိစ္စကို ကိုယ်တိုင် မဆောင်ရွက်နိုင်လျှင် တတ်နိုင်မည့် တပည့်တစ်ပါးကို အသီးအခြား တာဝန်ပေး ဆောင်ရွတ်စေရန်
  • ဘာသာရေးသီချင်းများ ရေးသားရာ၌ ဘာသာရေးနှင့် ဂီတအကြောင်း နားလည်သည့် အယ်ဒီတာအဖွဲ့တစ်ခု ထားရှိရန်
  •  ဘာသာရေးနှင့် ပတ်သက်၍ မသင့်တော်သည့် ပုံရိပ်တို့ မပါစေရန် ဗွီဒီယိုရိုက်ကူးရာ၌လည်း အယ်ဒီတာအဖွဲ့ သီးသန့် ထားရှိကာ ဆင်ဆာကိစ္စ ဆောင်ရွက်ရန်
  •  
  • http://www.youtube.com/watch?v=hTlO3JQEGVQ&feature=related
  • http://www.youtube.com/watch?v=wot3y5dgpZo&feature=related
  • http://www.youtube.com/watch?v=lF6Fsd28wOw&feature=related
  • http://www.youtube.com/watch?v=F6NG01D0Pww&feature=related
  • http://www.youtube.com/watch?v=Uwl2jC4L_iA
  • http://www.youtube.com/watch?v=dwspT98iCqA&feature=related
  • http://www.youtube.com/watch?v=3avwBWEeLzM&feature=related
  • http://www.youtube.com/watch?v=c6Dn87KZcRQ&feature=related
  •  http://www.youtube.com/watch?v=HpD_CmVYqsE&feature=results_main&playnext=1&list=PL15D1441AF3FA78F4
  •  http://www.youtube.com/watch?v=1DvEGIEFvJ4&feature=related
  •  http://www.youtube.com/watch?v=8W4Q2Iq5DXg
  •  http://www.youtube.com/watch?v=UXd0M64EZbM&feature=related
  •  

0 comments:

Bookmark This Page Facebook Twitter Google Plus RSS