မြန်မာလူမျိုးများ ချက်ပြုတ်စားသောက်နေသည့် အစားအစာ အများစုမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ လာခြင်း ဖြစ်သည်။ မနက်စာအဖြစ် လဘက်ရည်ဆိုင်တွင် ရနိုင်သည့် ပလာတာ၊ နံပြားမှာ အိန္ဒိယမှလာ၍ အီကြာကွေး၊ ကော်ပြန့်လိပ်၊ ပေါက်စီ၊ မုန့်တီ၊ ခေါက်ခွဲများမှာ တရုတ်နိုင်ငံမှ လာလေသည်။ မြန်မာ့အစားအစာအဖြစ် လက်ခံထားသည့် မုန့်ဟင်းခါးမှာလည်း မြန်မာ့ရိုးရာအစားအစာ ဟုတ်၊ မဟုတ် မသေချာပေ။
၂၀၀၄ - ဝန်းကျင်က သူငယ်ချင်းအချို့နှင့်အတူ သင်ထားသည့် အင်္ဂလိပ်စာကို လက်တွေ့လေ့ကျင့်ဖို့ အင်္ဂလန်နိုင်ငံသား တစ်ယောက်ကို ရန်ကုန်မြို့ပေါ် လိုက်ပို့ဖြစ်သည်။ အစာပြေ မြန်မာ့အစားအစာ မုန့်တစ်ခုခုစားချင်ကြောင်း ပြောတော့ အခက်ကြုံခဲ့ရသည်။ တစ်ယောက်က ပေါကစီ
မြန်မာ့အစားအစာအဖြစ် လက်ခံထားသည့် မုန့်ဟင်းခါး၊ ထမနှဲတို့မှာ ချက်ရပြုတ်ရ၊ လုပ်ရကိုင်ရတာ လက်ဝင်သလောကက် အရသာကား အငြင်းပွားဖွယ်ရာ ဖြစ်နေပေသည်။ Controversial Food များ ဖြစ်ကြပါသည်။ ဆိုလိုသည်မှာ အချို့ သဘောကျ၍ အချို့ကား ကြိုက်နှစ်သက်ခြင်း မရှိခြင်း ဖြစ်သည်။
အဆင့်အတန်းရှိသော ရိုးရာအစားအစာ ပေါများခြင်းကို လူမျိုးတစ်မျိုး၊ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှု အဆင့်တန်းမြင့်မားမှုအဖြစ် သက်မှတ်ကြသည်။ တစ်ကမ္ဘာလုံး လက်ခံစားသုံးနိုင်သော ရိုးရာအစားအစာ ထုတ်လုပ်နိုင်သည့် နိုင်ငံသည် ကမ္ဘာ့အလယ်တွင် မျက်နှာပန်း လှနေပေသည်။ ဥပမာ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံ၊ အာရှအရှေ့ခြမ်းမှ ကိုရီးယားနှင့် ဂျပန်တို့ ဖြစ်ကြသည်။ ၎င်းတို့၏ ရိုးရာ အစားအစာများမှာ နိုင်ငံစုံမှ လူမျိုးတိုင်း စားသောက်နိုင်ကြသည်။ နှစ်ခြိုက်ကြသည်။ များသောအားဖြင့် အရှေ့တိုင်းအစားအစာဟု ဆိုလိုက်လျှင် ထိုင်း၊ တရုတ်၊ ကိုရီးယားနှင့် ဂျပန် အစားအစာများကိုသာ မြင်ယောင်မိကြသည်။ နိုင်ငံတကာတွင် သင်ကြားနေသည့် အင်္ဂလိပ်စာအုပ်များတွင် အရှေ့တိုင်း အစားအစာနှင့် ပတ်သက်၍ ဖော်ပြလိုလျှင် ၎င်းအာရှနိုင်ငံတို့၏ ရိုးရာအစားအစာများ ဖြစ်နေသည်ကို တွေ့ရသည်။
ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ထုတ်လုပ်သည့် ရိုးရာအစားအစာများမှာ ကမ္ဘာကျော်သည်။ ပြင်သစ်အစားအသောက် အချို့ဆိုလျှင် လျာပေါ်တင်ရုံမျှဖြင့် အလိုလို အရည်ပျော်သွားကြောင်း သိရသည်။ အမေရိကန်များကလည်း KFC, McDonal စသော အစားအသောက်ကောင်းများကို တီထွင်ဖော်ထုတ်ကြသည်။ ၎င်းတို့၏ ကမ္ဘာကျော် အစားအစာတို့ကို ဆန်းစစ်ကြည့်သည့်အခါ အောက်ပါ အချက်များ ပါဝင်နေသည်ကို တွေ့ရသည်။
- အရသာရှိသည်
- အဆင်းလှသည်
- ခွန်အားဖြစ်စေပြီး လတ်ဆက်သည့် အသားငါး၊ သစ်ဥသစ်ဖုနှင့် သစ်သီးသစ်ရွက်တို့ကို အသုံးပြုထားသည်။
- ပါဝင်သည့် အမျိုးအမည်တို့ကို စနစ်တကျနှင့် အတိအကျ ပေါင်းစပ်ထုတ်လုပ်ထားသည်။ (တိကျသည့် Formular ရှိသည်)
- ထုပ်ပိုးမှု သပ်ရပ်သည်။
လူမျိုးတစ်မျိုး၏ ခန္ဓာကိုယ် ကြီးထွားနှုန်းသည် ၎င်းတို့ စားသုံးနေသည့် အစားအသောက်ပေါ်တွင် များစွာ တည်မှီနေပေသည်။ စီးပွားရေးကောင်းပြီး အစားအသောက်ကို စနစ်တကျ စားသုံးကြသည့် ထိုင်းနှင့် စင်္ကာပူနိုင်ငံမှ လူငယ်များမှာ အရပ်အမောင်းကောင်းကြပြီး အသားအရေမှာ ဝင်းပြောင်နေပေသည်။ ယခင်က မြန်မာများ သိသည့် ဂျပန်ငပုများမှာ ယခုအခါ ကမ္ဘာနှင့်ပင် ရင်ဘောင်တန်းနိုင်နေပေပြီ။ အနောက်နိုင်ငံများမှ စားသုံးပုံစနစ်တို့ကို သေချာလေ့လာကာ ကလေးဘဝမှစ၍ အစားအသောက်ကို စနစ်တကျ စားသောက်ရန် သင်ကြားခဲ့သည်ဟု ဆိုပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်ထွားကြိုင်းစေသည့် ဂျုံနှင့် ပြုလုပ်ထားသည့် အစားအသောက်တို့ကို အဓိကစားသောက်ကြောင်း သိရသည်။ ၁၉၉၉ ခုနှစ်က ထိုင်းလက်ရွှေစင်အသင်းနှင့် ခြေစမ်းပွဲကန်ရန် ဘရာဇီးလက်ရွှေစင်အသင်းကို ဖိတ်ကြားခဲ့သည်။ ဘရားဇီးဘောလုံးအဖွဲ့ချုပ်က ထိုင်းနိုင်ငံသို့ ရောက်စဉ် ဘရာဇီးဘောလုံးသမားများအား ကျွေးရန် ( ) မျက်နှာရှိသည့် အစားအစာ စာရင်းကို ပေးပို့ခဲ့သည်။ ခြေစမ်းကြတော့ ဘရာဇီးအသင်းက သက်သက်သာသာ ကစားပြီး (၇း ၀) နှင့် နိုင်သွားသည်။
၂၀၁၂ လဆန်းပိုင်းက မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်ခဲ့သည်။ မြန်မာနိုင်ငံနှင့် ကင်းကွာခဲ့သည့် လေးနှစ်အတွင်း မျက်လုံးထဲမှာ အပြောင်းအလည် တော်တော်များများ မြင်မိခဲ့သည်။ အသိသာဆုံး အပြောင်းအလဲအဖြစ် မြန်မာလူငယ်လေးများ၏ ခန္ဓာကိုယ်မှာ အစမတန် သေးကွေးနေသည်ဟု မိမိမျက်လုံးထဲ မြင်နေခဲ့ခြင်း ဖြစ်သည်။ မြင်ကွင်းက နဂိုအတိုင်းပဲလား၊ မိမိမျက်လုံးကများ ပြည်ပတွင် နေခဲ့သည့် လေးနှစ်အတွင်း ပြောင်းလဲသွားသလား မသိပါ။ သေချာသည်မှာ မြန်မာကလေးများနှင့် မျိုးဆက်သစ်မြန်မာလူငယ်တို့ကို အစားအသောက် စနစ်တကျ ကျွေးမွေးရန် လိုနေပေပြီ။
0 comments: