Thursday, May 17, 2012

မြတ်စွာဘုရားနှင့် ခြင်္သေ့ဥပမာ

တနေ့သ၌ မြတ်စွာဘုရားသခင်သည် တရားတော်ကို မိမိလေးစားရိုသေပုံကို ခြင်္သေ့မင်းနှင့် ဥပမာပြု၍ ဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ ခြင်္သေ့မင်းသည် အကယ်၍ ဆင်ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။ မလေးမစား မသတ်ပုတ်။
အလားတူပင် ကျွဲ နွား သစ်တို့ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။ မလေးမစား မသတ်ပုတ်။
အယုတ်သဖြင့် ယုန် ကြောင် စသော ငယ်သောသတ္တ၀ါတို့ကိုပင် သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။
မလေးမစား မသတ်ပုတ်။

ထိုသို့ လေးလေးစားစား သတ်ပုတ်ခြင်းသည် အဘယ့်ကြောင့်နည်း။
ငါ၏ အားထုတ်မှု လမ်းစဉ်သည် မပျက်စီးပါစေလင့်-ဟု နှလုံးသွင်းသောကြောင့်တည်း။

ရဟန်းတို့၊ ငါဘုရားသည်လည်း ရဟန်းတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
အလားတူပင် ရဟန်းမ ဥပါသကာ ဥပါသိကာမတို့ကို တရားဟောမူလည်း လေးလေးစားစားစာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
အယုတ်သဖြင့် ထမင်းစား ကျွန်ခံ၊ မုဆိုး စသော ပုထုဇဉ်တို့ကိုပင် တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။

ထိုသို့ လေးလေးစားစား ဟောကြားခြင်းသည် အဘယ့်ကြောင့်ပါနည်း။
ငါဘုရားသည် တရားကိုလေးစား၊ တရားကို ရိုသေသောကြောင့်တည်း။

( အင်္ဂုတ္တိုရ်ပါဠိတော်-သီဟသုတ် )

0 comments:

Bookmark This Page Facebook Twitter Google Plus RSS