Tuesday, May 8, 2012

မိုးတားခြင်းနှင့် မိုးခေါ်ခြင်း

ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်၊ မိုးခေါ်လွန်ဆွဲပြိုင်ပွဲ (Eleven Media Group)

Eleven Media Graoup Status on Facebook (19. 05. 2012)
  • အညာဒေသတွင် အများအားဖြင့် ရှင်ပြုပွဲ၊ ဘုရားပွဲစသော ပွဲတော်များကို မိုးတွင်းတွင် ပြုလုပ်လေ့ရှိသည်။ ထိုသို့ ပြုလုပ်တိုင်း အရှင်ဥပဂုတ္တမထေရ်ကို ပူဇော်ပသကာ မိုးတားလေ့ရှိသည်။ ရန်ကုန်စသော မြို့ကြီးများရှိ အမိုးအကာအောက်တွင် ပြုလုပ်သည့် အလှူအတန်းပွဲများ၌မူ ရှင်ဥပဂုတ္တကို ပူဇော်ပသရန် မလိုဘဲ ပွဲတော် ကျင်းပနိုင်သည်။
  • တာရာမင်းဝေ၏ ဝတ္ထုတစ်အုပ်တွင် (နှင်းဆီဓားသွားတစ်လက် ထင်သည်) မိုးရွာရန် ညောင်ပင်အောက်မှာ ခေါ်စာပစ်ပြီး ညောင်ပင်စောင့်နတ်ကို ပူဇော်ပသသည်ကို မင်းသမီးက ကြည့်နေသည်။ ထိုသို့ ပြုလုပ်မည့်အစား ထိုင်းနိုင်ငံမှာလို မိုးအတုရွာကာ မိုးခေါင်သည့်ကိစ္စကို ဖြေရှင်းနိုင်သည်။     
  • လန်ဒန်တွင် ပြုလုပ်သည့် ဆရာမ နုနုရီ (အင်းဝ) ၏ စာပေဟောပြောပွဲတွင် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မိုးအတု ရွာခြင်းကို တိုင်းသူပြည်သားများ ပျော်ရွင်ချမ်းမြေ့အောင်၊ ဆန်ရေစပါး ပေါများစေရန် ထိုင်းဘုရင်ကိုယ်တိုင် ဦးစီး ပြုလုပ်ကြောင်း ဟောပြောသွားသည်။

0 comments:

Bookmark This Page Facebook Twitter Google Plus RSS